တီးဆိုင်ထိုင်မယ် — ရန်ကုန်လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဆုံကြမယ်

ဂိမ်းထဲမှာ ဘာတွေရှိလဲ ✨

ရန်ကုန်လက်ဖက်ရည်ဆိုင်ထဲ လမ်းလျှောက်၊ ဝိုင်းထိုင်၊ စကားပြော — ဆိုင်ထဲမှာ လုပ်လို့ရတာတွေ

☕ ဆိုင်ထဲ ဝင်မယ်
ရန်ကုန်မြေပုံ

🗺️ ရန်ကုန်မြို့နယ် ၂၅ ခု

မြေပုံပေါ်က မြို့နယ်ကို ရွေးပြီး လက်ဖက်ရည်ဆိုင် ၅၅ ဆိုင်ထဲက ကြိုက်တဲ့ဆိုင်ကို ဝင်ပါ။

Pick a township on the Yangon map and walk into any of 55 tea shops.
ဝတ်စုံရွေးမယ်

👕 မြန်မာဝတ်စုံ

တိုက်ပုံ၊ ရင်ဖုံး၊ ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်း၊ ပန်၊ သနပ်ခါးနဲ့ ကိုယ့်ဇာတ်ကောင်ကို ဆင်ယင်ပါ။

Dress up in taikpon, yinphone, longyi, gaung baung, flowers and thanaka.
ဝိုင်းထိုင် စကားပြော

💬 ဝိုင်းထိုင် စကားပြော

စားပွဲ ၂၀ ထဲက တစ်ဝိုင်းမှာ ထိုင်ပြီး စာနဲ့ရော 🎙️ အသံနဲ့ပါ ပြောလို့ရတယ်။ တစ်ဝိုင်း ၁၀ ယောက်ထိ။

Sit at one of 20 tables and talk by text or voice — up to 10 people a table.
မုန့်နဲ့ လက်ဖက်ရည် မီနူး

☕ မုန့်နဲ့ လက်ဖက်ရည်

ချိုဆိမ့်၊ မုန့်ဟင်းခါး၊ ပလာတာ… မှာစား၊ ဘေလ်ရှင်း၊ သူငယ်ချင်းကို ကျွေး။ ဆိုင်ရင်းစွဲဖြစ်ရင် လျှော့ဈေး။

Order tea and snacks, pay the bill or treat the whole table; regulars get a discount.
ဆိုင် TV မှာ ဘောလုံးပွဲ

⚽ ဘောလုံးပွဲ အတူကြည့်

ဆိုင် TV မှာ ပွဲလိုက်ကြည့်၊ ဂိုးဝင်ရင် ဆိုင်တစ်ဆိုင်လုံး ခုန်ကြမယ်။ ရလဒ်မှန်အောင် ခန့်မှန်းရင် ဆုငွေရမယ်။

Watch the match on the shop TV together; guess the result to win kyat.
ခြင်းလုံးကွင်း

🏐 ခြင်းလုံး

လမ်းတစ်ဖက်က ကွင်းမှာ သူငယ်ချင်းတွေနဲ့ အချိန်ကိုက် ကန်ပြီး ပိုက်ဆံရှာပါ။

Keep the cane ball up with friends across the street — every good kick earns kyat.
ဗေဒင်ဆရာ

🔮 ဗေဒင်

မွေးနေ့နံနဲ့ ဒီနေ့ကံ၊ ယတြာ၊ ကံကောင်းစေမယ့် အရောင်နဲ့ ဂဏန်း ဟောပေးမယ်။

A daily reading by the day you were born, with a remedy, a lucky colour and number.
ကွမ်းယာဆိုင်

🍃 ကွမ်းယာ

ကွမ်းယာဆိုင်က အဒေါ်ဆီမှာ ကွမ်းယာဝယ်ဝါး… ပြီးရင် 💦 ထွေး။

Buy a betel quid from the auntie's stall, chew… and spit.
ည မိုးရွာနေတဲ့ ဆိုင်

🌧️ ရန်ကုန် ရာသီဥတု

မြန်မာစံတော်ချိန်အတိုင်း နေ့/ည ပြောင်း၊ ညဘက် မီးပုံးတွေ လင်း၊ မိုးရာသီ မိုးရွာ။

Day and night follow Yangon time; lanterns glow at night and the monsoon brings rain.
သင်္ကြန်မဏ္ဍပ်

💦 သင်္ကြန်

ဧပြီ ၁၃–၁၆ မှာ မဏ္ဍပ်က ရေပက်၊ ပိတောက်ပန်းနဲ့ နှစ်သစ်ကူးကို ကြိုမယ်။

Every April 13–16 a pandal sprays water down the street.
အိပ်နေတဲ့ developer

😴 Developer ဆီ စာထားခဲ့

ခြင်းလုံးကွင်းဘေးမှာ အိပ်နေတဲ့ developer ဆီ bug နဲ့ အကြံပြုချက် စာထားခဲ့လို့ရတယ်။

Leave the sleeping developer a note about bugs or ideas.